Responsive Design

မိတ်ဆွေ သင့် ဝဘ်ဆိုဒ်ဟာ မိုဘိုင်းဖုန်းအတွက် အဆင်သင့် ဖြစ်ပြီလား။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတွေရဲ့ အများစုဟာ မိုဘိုင်းဖုန်း ကနေပြီး ကြည့်ကြတယ် ဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါဘူးခင်ဗျာ။ ဝဘ်ဆိုဒ် တစ်ခုကို ကျွန်တော်တို့ မိုဘိုင်းဖုန်းကနေပြီး ကြည့်လိုက်တဲ့အခါမှာ တစ်ခါတစ်လေ ကြည့်ရတာ အဆင်မပြေတာမျိုး ကြုံရတတ်ပါတယ်။ ဝဘ်ဆိုဒ် တစ်ခုလုံးဟာ မိုဘိုင်းဖုန်းပေါ်မှာ အပြည့်မပေါ်တဲ့အတွက် ရွှေ့ပြီး ကြည့်ရတာမျိုး ကြုံဖူးကြမှာပါ။ ဥပမာ အားဖြင့် အောက်မှာ ဖေါ်ပြထားတဲ့ ဝဘ်ဆိုဒ်ကို ကြည့်ကြည့်ပါ၊ ကျွန်တော်တို့ရဲ့ ပြုလုပ်ထားတဲ့ Life Umbrella ဝဘ်ဆိုဒ်ဟာ မိုဘိုင်းဖုန်းအတွက် အဆင်သင့် ဝဘ်ဆိုဒ်ပါ။ ကွန်ပျူတာနဲ့ ကြည့်တဲ့အချိန်မှာ အောက်မှာဖော်ပြထားသလို ပေါ်မှာ ဖြစ်ပြီ မိုဘိုင်းဖုန်းပေါ်က ကြည့်တဲ့အခါ အောက်မှာ […]

Facebook Vs Website

ကိုယ့်စီးပွားရေး လုပ်ငန်းအတွက် Facebook သုံးရမလား၊ ဝဘ်ဆိုဒ် သုံးရမလား။ မေး။ နေပါဦးဗျ၊ ခင်ဗျားပြောပြောနေတဲ့ ဝဘ်ဆိုဒ် ဆိုတာ Facebook နဲ့ တူတူပဲလား။ ဖြေ။ အလွယ်ဖြေရရင်တော့ မတူဘူးဗျ၊ ဒီလိုလေဗျာ Facebook ဆိုတာက Facebook ဆိုတဲ့ ကုမ္ပဏီကပိုင်တဲ့ ဝဘ်ဆိုဒ် တစ်ခုပဲဗျ။ ကျွန်တော်တို့ ပြောတဲ့ ဝဘ်ဆိုဒ်ဆိုတာက ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်းက ပိုင်တဲ့ ဝဘ်ဆိုဒ်ပေါ့ဗျာ။ မေး။ သြော်… ဒါပေမယ့် အခုပြောပြောနေတဲ့ Facebook မှာ ဆိုင်ဖွင့်တယ် တို့ဘာတို့ ဆိုတာကရော။ ဖြေ။ ဟုတ်တယ်ဗျ၊ Facebook က စီးပွားရေး လုပ်ငန်းတွေအတွက် Page ဆိုတာကို ကိုယ်တိုင်လုပ်ခွင့်ပေးထားတယ်။ အဲဒီလို Page တစ်ခုလုပ်ဖို့က ပိုက်ဆံ မပေးရဘူး။ […]

What is website…?

ဝဘ်ဆိုဒ်ဆိုတာ ဘာလဲ ??? • မေး။ ခင်ဗျားတို့က ဝဘ်ဆိုဒ်သုံးကြပါ၊ ကိုယ့်စီးပွားရေးအတွက် အကျိုးရှိမယ်။ ငွေကုန်သက်သာမယ် ဆိုတာချည်း ပြောနေတယ်။ ကျုပ်ဖြင့် နားကို မလည်ပါဘူးဗျာ။ ကျုပ်သိသလောက်တော့ ပိုက်ဆံ ပိုကုန်မှာ မဟုတ်ဘူးလား။ ပြောစမ်းပါဦး ဝဘ်ဆိုဒ်ဆိုတာ ဘာတုန်းဗျ ? ဖြေ။ ဒီလိုလေဗျာ၊ ခင်ဗျား အခု အလုပ်မှာ လိပ်စာကဒ် သုံးတယ် မဟုတ်လား။ လိပ်စာကဒ်ရဲ့ ရည်ရွယ်ချက်က ခင်ဗျား ကို တခြားတစ်ယောက်က ဆက်သွယ်နိုင်ဖို့လေ ဟုတ်တယ်မဟုတ်လား။ ပြီးတော့ တခါတလေ ခင်ဗျား ဘာတွေလုပ်တယ် ဆိုတဲ့အကြောင်းကိုလဲ နောက်မှာ ရေးပေးလိုက်သေးတယ်။ ဒီနေရာမှာလဲ လိပ်စာကဒ်က သေးတော့ သေသေချာချာ သိရအောင် ဆိုပြီး ခင်ဗျား ပန်းဖလက် ထပ်လုပ်ရတယ် မဟုတ်လား။ […]